နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမား ၅ ဦး – အဆင့် သတ်မှတ်ချက် | ဘောလုံး

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ရဲ့ ခေတ်အလွန် မကြာသေးတဲ့ နှစ်ပိုင်း အတွင်း မှာတော့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမား စာရင်းက အပြောင်းအလဲ များစွာ ရှိလာပါတယ်။ လူငယ် ကစားသမားတွေရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် အပြောင်းအရွှေ့ တန်ကြေးတွေ ကလည်း လိုက်တက်လာပြီးတော့ အခုလည်း ဒီစာရင်းကို လူငယ် ဘောလုံး ကြယ်ပွင့်တွေကပဲ ဦးဆောင်နေတာ တွေ့ရပါလိမ့်မယ်။

ဒါကြောင့် အခုတစ်ခါ မှာတော့ CIES ဘောလုံး စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမား ၅ ဦးက ဘယ်သူတွေလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

 

၅။ မိုက်ကယ် အိုလီဆေး

ကလပ် – ဘေယန်မြူးနစ်၊ အသက် ၂၄ နှစ်၊ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး – ၁၂၄.၈ သန်း

မိုက်ကယ် အိုလီဆေး ကတော့ ခရစ္စတယ်ပဲလေ့စ်မှာ ကစားခဲ့စဉ်က သိပ်ပြီး မကျော်ကြားခဲ့ပေမယ့် အရည်အချင်းနဲ့ အလားအလာတွေ ကတော့ အမြဲတမ်း ရှိနေခဲ့ပါတယ်။ အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ်ကို ရောက်ရှိချိန်မှာတော့ ပါရမီရှင် ပြင်သစ် ကစားသမားရဲ့ စွမ်းဆောင်ရည်တွေက ပိုမို ထင်ရှားလာခဲ့ပြီး အခုဆိုရင်တော့ တန်ဖိုးအရှိဆုံး ထိပ်ဆုံး ၅ ဦး စာရင်းထဲကိုတောင် ဝင်လာခဲ့ပါပြီ။

အိုလီဆေးက ၂၀၂၄-၂၅ ရာသီမှာ ဂိုးပါဝင် ပတ်သတ်မှု ၃၅ ဂိုး ရှိခဲ့ပြီး ဒီရာသီမှာလည်း အဲဒီ အရေအတွက်ကို ချိုးဖျက်နိုင်ဖို့ အလားအလာ ရှိနေသူပါ။ ဒါ့အပြင် စွယ်စုံရ တိုက်စစ် ကစားသမား အနေနဲ့ ပြည်တွင်း ဆုဖလားတွေနဲ့ ဥရောပ အောင်မြင်မှုတွေ ရရှိဖို့ အလားအလာ ကောင်းနေပါတယ်။ လက်ရှိမှာ ဘေယန် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း အနာဂတ်မှာ မြူးနစ် ကနေ ထွက်ခွာခဲ့ရင် ကြိုက်ကြေးပေး ခေါ်ယူချင်တဲ့ အသင်းတွေ တပုံကြီး ရှိနေမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

 

၄။ ဒီဇိုင်းရား ဒူရေး

ကလပ် – ပီအက်စ်ဂျီ၊ အသက် ၂၀ နှစ်၊ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး – ၁၂၆.၅ သန်း

ဒီဇိုင်းရာ ဒူရေး တဖြစ်လဲ Golden Boy လေး တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်သားက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ သူ့ကိုယ်သူ ကမ္ဘာက သိအောင် မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ အသက်အရွယ် ငယ်သေးပေမယ့် ဒူရေးက ပီအက်စ်ဂျီမှာ လူးဝစ္စ အန်နရီကေး သဘောကျတဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား တစ်ယောက် ဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ် Golden Boy ဆုရှင်ဟာ သူ့ရဲ့ လက်ရှိလမ်းကြောင်း အတိုင်း ဆက်သွားမယ် ဆိုရင်တော့ လာမယ့် ဆယ်စုနှစ် အတွင်း ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒီလို ထူးချွန် ထက်မြက်တဲ့ ကစားသမားနဲ့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး ကတော့ ပေါင် ၁၃၀ သန်းသာ ရှိသေးပြီး ဒီထက်လည်း ပိုတိုးလာနိုင်ပါတယ်။

 

၃။ ကီလီယန် အမ်ဘာပေး

ကလပ် – ရီးရဲလ်မက်ဒရစ်၊ အသက် ၂၇ နှစ်၊ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး – ၁၉၁.၁ သန်း

အမ်ဘာပေး အကြောင်း ကတော့ အထူးတလည် ပြောနေစရာ မလိုပါဘူး။ အများစု ကတော့ ပြင်သစ်သားကို ကမ္ဘာ့အကောင်းဆုံး အဖြစ် သတ်မှတ်ထားကြပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက် စပိန် ထိပ်သီးတို့ အတွက် ပွဲဦးထွက် ရာသီမှာ ၄၃ ဂိုး သွင်းယူပြီး နောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်က ပိုမို မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆုရှင်က ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပြီး ဂိုး ၃၀ သွင်းထားပါတယ်။ အခုလို စွမ်းဆောင်ရည်နဲ့ ကစားသမား တစ်ဦး အတွက် ဒီလို တန်ကြေး သတ်မှတ်ခံထားရတာ မထူးဆန်းပေမယ့် အသက်အရွယ် ကတော့ ၂၇ နှစ် ရှိနေပြီ ဖြစ်လို့ မကြာခင်မှာ တဖြည်းဖြည်း အကျပိုင်းကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

 

၂။ အာလင်း ဟာလန်း

မကြာသေးခင်ကမှ ဘောလုံးလောကထဲ ရောက်ရှိလာတဲ့ ဘာစီလိုနာ ကြယ်ပွင့်လေးရဲ့ အံ့မခန်း တိုးတက်မှု ကတော့ အံ့သြစရာ ကောင်းလောက်အောင်ကို မြန်ဆန်လွန်းပါတယ်။
လက်ရှိ ဈေးကွက် တန်ကြေး ပေါင် ၂၄၂.၅ သန်း အထိ ရှိနေတဲ့ အာလင်း ဟာလန်း

ကလပ် – မန်ချက်စတာစီးတီး၊ အသက် – ၂၅ နှစ်၊ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး – ၂၄၂.၅ သန်း

ဘယ်အသင်းကို ရောက်ရောက် ဂိုးသွင်းကြမ်းတဲ့ ဟာလန်း ကတော့ အမ်ဘာပေးရဲ့ တန်ကြေးထက် ပေါင်သန်း ၅၀ လောက် ပိုများနေပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း မှတ်တိုင်တွေကို တခုပြီး တခု ကျော်ဖြတ်နေပြီး ဂန္တဝင် အဆင့်ကို ရောက်ရှိဖို့ မယုံနိုင်လောက်အောင် တိုးတက်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာ မန်ချက်စတာစီးတီးက သူတို့ရဲ့ နော်ဒစ်စ် ဘီလူးကြီးကို အားကိုးနေရဆဲ ဖြစ်ပြီး ပွဲအဖြေကို ထုတ်ပေးနိုင်သူ အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဟာလန်းက ပြီးခဲ့တဲ့ ရာသီတွေ အတွင်း တစ်ရာသီကို အနည်းဆုံး ဂိုး ၃၀ နဲ့အထက် သွင်းယူခဲ့ပြီး ဒီရာသီမှာတော့ ၂၈ ပွဲ ကစားကာ ၂၈ ဂိုး အထိ သွင်းယူထားပါတယ်။

 

၁။ လာမင်း ယာမယ်

ကလပ် – ဘာစီလိုနာ၊ အသက် – ၂၅ နှစ်၊ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး – ၂၉၅.၈ သန်း

မကြာသေးခင်ကမှ ဘောလုံးလောကထဲ ရောက်ရှိလာတဲ့ ဘာစီလိုနာ ကြယ်ပွင့်လေးရဲ့ အံ့မခန်း တိုးတက်မှု ကတော့ အံ့သြစရာ ကောင်းလောက်အောင်ကို မြန်ဆန်လွန်းပါတယ်။ စပိန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ကတ်တလန် ကလပ် ပြည်တွင်း ဖလား ၃ လုံး ရရှိရာမှာ အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပြီး ၂၀၂၅ ဘယ်လွန်ဒေါရဲ့ ဒုတိယဆုရှင် အဖြစ် နေရာ တစ်နေရာ အပိုင်စားရရှိခဲ့ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခံရသူ ဖြစ်ပြီး ပြိုင်ဘက် နောက်ခံလူတိုင်း အတွက် အန္တရာယ်ရှိတဲ့ ကစားသမား အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ၊ ၂၁ ဂိုး ဖန်တီးခဲ့ပြီး ဒီရာသီမှာတော့ ၉ ဂိုး သွင်းကာ ၁၀ ဂိုး ဖန်တီးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်