ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ နောက်ကျ ပွဲစဉ် မှာတော့ ရီးရဲလ်မက်ဒရစ်က ဆဲလ်တာဗီဂိုကို အိမ်ကွင်းမှာ ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ဇာဘီ အလွန်ဆိုရဲ့ အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၄ မှတ် အထိ ပြတ်တောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အတက်အကျ များနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး နည်းပြ အလွန်ဆို အတွက်လည်း တော်တော်လေး ဖိအားများလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြနဲ့ အသင်းကြားက ဆက်ဆံရေး အဆင်မပြေ ဖြစ်နေမှုက ရလဒ်တွေကြောင့် ပိုပြီး သိသာလာခဲ့ပြီ အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။
ဒီပွဲဟာ ရီးရဲလ်မက်ဒရစ်က လာလီဂါ ဇယား ထိပ်ဆုံးက ဘာစီလိုနာကို ဖိအားပေးဖို့ မဖြစ်မနေ အနိုင် ကစားရမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဧည့်သည် ဆဲလ်တာဗီဂိုရဲ့ ကောင်းမွန်တဲ့ ကစားဟန်ကြောင့် အိမ်ရှင်တို့ တော်တော်လေး ကစားရ ခက်ခဲခဲ့ပြီး ဒုတိယပိုင်းမှာ ရီးရဲလ်မက်ဒရစ် ဘက်က ကာရီးရက်စ် နဲ့ ဂွန်ဇာလို ဂါစီယာတို့ အနီကဒ် ကိုယ်စီနဲ့ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။
တိုက်စစ်က ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဆဲလ်တာဗီဂို တို့က ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကို အသာစီးရဖို့ အတွက် ကွင်းလယ် ကစားသမား ၄ ဦး အထိ အသုံးပြုခဲ့ပါတယ်။ ဒီအချက်ကပဲ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာ ဖြစ်သလို ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တဲ့ ဆဲလ်တာဗီဂိုရဲ့ ခြေစွမ်းကို မဖြစ်မနေ ချီးကျူးရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆဲလ်တာဗီဂို နောက်တန်းနဲ့ ဂိုးသမား ရာဒူရဲ့ အထူး လက်စွမ်းပြခဲ့တာကြောင့်လည်း ရီးရဲလ်မက်ဒရစ်တို့ ရသင့်တဲ့ သွင်းဂိုးတွေ မရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၇ ကြိမ် ရှိခဲ့ပေမယ့် ဆဲလ်တာဗီဂို ကတော့ ဂိုးပေါက် တည့်မှု ၅ ကြိမ် ကနေ ၂ ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ ဆွက်ဒ်ဘက်ဂျ်က ဆဲလ်တာဗီဂို အတွက် အဖွင့်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားလာခဲ့ပေမယ့် ၆၄ မိနစ်မှာ ဂါစီယာ ထုတ်ပယ်ခံလိုက်ရသလို ချေပဂိုး ပြန်ရဖို့ လိုက်လံ ဖိအားပေးနေချိန် ၉၂ မိနစ်မှာလည်း ကာရီးရက်စ် ထပ်မံ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဆဲလ်တာဗီဂို အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ၉၃ မိနစ်မှာ ဆွက်ဒ်ဘက်ဂျ် ကပဲ ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုကို ရှုံးနိမ့်တဲ့ အတွက် ဒေါသထွက်မိကြောင်းနဲ့ မန်စီးတီးနဲ့ ပွဲမှာ မတူခြားနားတဲ့ ပုံစံကို ပြသသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အလွန်ဆိုက “ကျွန်တော်တို့ ဒေါသထွက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ပွဲ၊ ဖြစ်စေချင်တဲ့ ရလဒ် မဟုတ်ပါဘူး။ မီလီတာအို ဒဏ်ရာရခဲ့တာ ကလည်း ကျွန်တော် တို့ကို နာကျင်စေပါတယ်။ ဒါက ပြန်ကောင်းဖို့လည်း ခက်ခဲမှာပါ။ ဒီအခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် ကြိုးစားမှာပါ။ လိဂ်မှာ ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ ပြီးတော့ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲမှာ မတူခြားနားတဲ့ ပုံစံကို ပြသသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါမှာ ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ၁၆ ပွဲ ယှဉ်ပြိုင် အပြီးမှာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၄ မှတ် ကွာဟသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၅ ပွဲ ကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားတာကြောင့် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အခုတစ်ပတ် မန်စီးတီး၊ ပွဲစဉ် ၇ နဲ့ ၈ မှာ မိုနာကို၊ ဘင်ဖီကာ တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


