နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ ဘိုလော့ဂ်နာနဲ့ ကစားရမယ့် အီတလီ စူပါဖလား ဗိုလ်လုပွဲ မတိုင်ခင် သူ့အသင်းကို တိုက်တွန်းစကားတွေ ပြောကြားလိုက်ပါတယ်။ ကွန်တီက ‘ပြိုင်ပွဲ တစ်ခုမှာ ဘယ်အသင်း အနိုင်ရလဲ ဆိုတာပဲ လူတွေက မှတ်မိကြတယ် ဆိုပြီး သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချကြဖို့ ပြောဆိုခဲ့တာပါ။
နာပိုလီဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ပထမဦးဆုံး ဆုဖလား အောင်မြင်မှု မျှော်လင့်ချက် အတွက် အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စီးရီးအေ ချန်ပီယံ နာပိုလီက ကြာသပတေးနေ့က ဆီမီးဖိုင်နယ်မှာ အေစီမီလန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကိုပါအီတလီယာ ချန်ပီယံ ဘိုလော့ဂ်နာ ကတော့ အင်တာမီလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ နာပိုလီ ကတော့ ၂၀၂၀ ကိုပါအီတလီယာဖလားမှာ ဗိုလ်စွဲပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ရှုံးထွက် ပြိုင်ပွဲ တစ်ခုရဲ့ ဗိုလ်လုပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကွန်တီ အတွက်တော့ နည်းပြ ဘဝ ၈ ကြိမ်မြောက် ဗိုလ်လုပွဲ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ချဲလ်ဆီးနဲ့ အတူ အက်ဖ်အေဖလား ရရှိခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အီတလီသားက အီတလီ စူပါဖလားမှာ နာပိုလီနဲ့ အတူ ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်နေပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ကွန်တီက “အောင်ပွဲတွေက ခင်ဗျားကို စွမ်းအင်နဲ့ ယုံကြည်မှုကို ယူဆောင်လာပေးပါတယ်။ ကျွန်တော်တို့ ဆုဖလား တစ်ခု အတွက် ကစားနေတာပါ။ ဒီဗိုလ်လုပွဲကို ကစားမယ့်သူတွေ အတွက် ဒါက ကြီးမားတဲ့ ခွန်အား တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ စွမ်းအားအရ ကျွန်တော်တို့ ပြန်လည် ကောင်းမွန်လာပါပြီ။ ကျွန်တော့် ကောင်လေးတွေကို အမြဲပြောနေကျ အတိုင်း ဘယ်သူ အနိုင်ရလဲ ဆိုတာ ကိုပဲ မှတ်မိနေမှာပါ။ ပြီးတော့ အမြဲတမ်းလည်း အဲဒီလိုပါပဲ။”
“ကျွန်တော်တို့ ဘယ်ကလာတယ် ဆိုတာ မေ့လို့ မရပါဘူး။ အဆင့် ၁၀ မှာ အဆုံးသတ်ပြီးနောက်မှာ အံ့မခန်း Scudetto ဆုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ အဲဒါက လုံလောက်တဲ့ အလေးပေး ဖော်ပြလို့ မရတဲ့ အရာပါ။ ကျွန်တော်တို့ စူပါကိုပါ အတွက် ကစားဖို့ ဒီကိုရောက်လာတာပါ၊ ပြီးတော့ ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်နေပါပြီ။ ချန်ပီယံဆုနဲ့ တခြားသော ပြိုင်ပွဲတွေမှာ တိုးတက်ဖို့ အခွင့်အရေး ရှိပါတယ်။”
တစ်ဖက် မှာလည်း ကွန်တီက လက်ရှိမှာ ကိုပါအီတလီယာ ချန်ပီယံ ဘိုလော့ဂ်နာက သူ့အသင်းထက် ပိုပြီး အနိုင်ရလိုစိတ် ပြင်းပြနေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကွန်တီက “ဒီလိုဆိုရင် ကျွန်တော်တို့ အတွက် အဆုံးသတ်ပါပဲ။ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ် ဆိုတာ သက်သေပြရမှာပါ။ အနည်းဆုံးတော့ သူတို့ရဲ့ အနိုင်ရလိုစိတ်နဲ့ ကိုက်ညီအောင် လုပ်ရမှာပါ။ ဗင်ဆန်ဇို (အီတလီယာနို) အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူ့မှာ သင်ယူပြီး တိုးတက်အောင် လုပ်ဖို့ ကြီးမားတဲ့ ဆန္ဒရှိပါတယ်။”
“ကျွန်တော်တို့ နည်းပြတွေဟာ ကျွန်တော် တို့ရဲ့ အသိပညာတွေကို နေ့စဉ် တိုးတက်အောင် ကြိုးစားရပါမယ်။ သူက ဆာလောင်နေတယ်၊ အဲဒီ နေရာကို ရောက်ချင်တယ်။ သူ့မှာ စိတ်အားထက်သန်မှုရှိတယ်၊ ပြီးတော့ အဲဒါကို ပြသတယ်။ သူ ရောက်တဲ့ နေရာတိုင်းမှာ အလုပ်ကောင်းကောင်း လုပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


